Thintlu Dot Com

အချိန် အကြာကြီး ပစ်ထား ရတဲ့ အတွက် ‘အားနာပါတယ်၊ တောင်းပန်ပါတယ်’ ဆိုတာက စရ မှာပဲလေ။ post တွေ အသစ် မတင်ဖြစ်တာ ကိုတော့ ဆင်ခြေတွေ ပေးပြီး မရှင်းပြချင် တော့ပါဘူး။ မအားတာတော့ အမှန်ပါ။ နောက် ဆိုရင်လည်း ဒီ hiriautatpa.com မှာ တော်ရုံနဲ့ update လုပ်ဖြစ်တော့မယ် မထင်။ ရှိပြီးသား စာ အဟောင်းတွေကိုတော့ ဒီအတိုင်း ထားပါမယ်။ တချို့ကိုတော့သင့်လူ blog (www.thintlu.com) မှာ ပြန်တင်ပါမယ်။ ကျန်တဲ့ စာရေးသူတွေလဲ ကိုယ်ပိုင် blog ကိုယ်စီနဲ့ ဖြစ်ကုန် ပါပြီ။ နီမိုသူသူငါငါ တို့ရဲ့ စာတွေကို De Novo မှာ ဆက်လက် တင်ဆက် ပါလိမ့်မယ်။

Blog အသစ် သင့်လူ ကို လာရောက် လည်ပတ်ကြပါလို့ ဖိတ်ခေါ် လိုပါတယ်။ ဒီမှာ တို့လို့တန်းလန်း ထားခဲ့တဲ့ Outbreak ကြီးကို သင့်လူ မှာ ပြန်တင်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဘယ်လို ကြိုးစားသလဲ ဆိုရင် ဇော်ဂျီ ၂၀၀၉ နဲ့ ရိုက်ထား မိတဲ့ စာတွေကို ဇော်ဂျီ ၂၀၀၈ နဲ့ ပြန်ရိုက် ဖို့ပါ။ MS Word ပေါ်မှာ စာမျက်နှာ ၂၁၉ မျက်နှာ ရှိတဲ့ အဲဒီ ဝတ္ထု အစအဆုံးကို သင့်လူက လက်တန်း ဘာသာပြန်၊ စာရိုက်၊ ပေးပို့ ခဲ့ပေမယ့် ဇော်ဂျီ ၂၀၀၉ နဲ့ ဖြစ်နေတာမို့ ဒီတစ်ခါ blog အသစ်ကျရင် ယူနီကုဒ် ပြောင်းရ လွယ်တဲ့ ၂၀၀၈ နဲ့ပဲ တင်တော့မယ်လို့ ဆုံးဖြတ် ထားတာမို့ ပြန်ရိုက်ပြီးမှ တင်မယ် ဆိုပြီး သိမ်းထား ခဲ့တာ ကြာပါတယ်။ ဒီကြားထဲ သင့်လူ ဘာသာပြန်တဲ့ ဝတ္ထုတို တွေကိုလဲ ဒီမှာ မတင်ဖြစ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ thintlu.com ကို ပြင်ဆင် နေရ လို့ပါ။ ပြင်ဆင်တယ် ဆိုလို့ အထွေအထူးတော့ မမှတ် ပါနဲ့။ Blogger နဲ့ ဘယ်လို blog လုပ်သလဲ ဆိုတာ ပြန်ပြီး လေ့လာ နေရတာပါ။ အရင်တုန်းက စမ်းသပ်ဖူး ပေမယ့် wordpress ပေါ်မှာပဲ အချိန် အများဆုံး ကုန်ခဲ့တာမို့ အခုတော့ blogger ဟာ အသစ်လို ဖြစ်နေပါတယ်။ blogger ကို ပြန်သုံးချင်ရတာ ကတော့ google ကို သဘောကျ လို့ပဲ။ email, social networking, blogging, feed reading, photo sharing အစရှိတဲ့ service တွေကို တချိန်တည်း တနေရာတည်းမှာ account တစ်ခုထဲက သုံးရတာ သဘောကျ လို့ပါ။

အတ္တလန်တစ် ရှာပုံတော် ပြီးဆုံးတော့ သင့်လူဟာ ဘာသာပြန် စာပေကို ပိုပြီး အချိန် ပေးလာခဲ့ ပါတယ်။ Juan ဆိုတဲ့ ကလောင်နာမည် နဲ့ သမိုင်းထဲက မြန်မာပြည်သားထို့ကြောင့် ဤအရာကို သံသရာဟု ခေါ်သည် စတဲ့ ဆောင်းပါးများ ရေးခဲ့ စဉ်က သင့်လူဟာ သူ့ရဲ့ ဒွါရာဝတီမှာ ရက်ငါးရာ ကို စာအုပ် ထုတ်ဝေဖို့ စိတ်ကူးယဉ်ခဲ့ ပါတယ်။  ဒါကြောင့်လဲ လှုပ်လှုပ်ခတ်ခတ် ရှိလှတဲ့ ဒီ သမိုင်း ဆောင်းပါး၊ ကျန်းမာရေး ဆောင်းပါး တွေကို နာမည် တမျိုးနဲ့ ရေးသားခဲ့တာပါ။ သမိုင်းထဲက မြန်မာပြည်သား series ဟာ online ပေါ်မှာ တော်တ်ာများများ ပျံ့နှံ့ ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သင့်လူဟာ ဂေဘရီရယ် ဂါစီယာ မာကေး နဲ့ တွေ့ရှိပြီး ပဉ္စလက် သရုပ်မှန် စာပေ နောက်ကို ပါသွား ပါတော့တယ်။ အဲဒါကြောင့် သင့်လူဟာ မာကေးရဲ့ ဂန္ဓဝင် ဝတ္ထုရှည်ကြီး One Hundred Years of Solitude ကို ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ အဖြစ် ဆုံးခန်းတိုင်အောင် ဘာသာပြန်ခဲ့ပြီးတဲ့နောက် စာအုပ် ထုတ်ဝေဖို့ စီစဉ် နေပါပြီ။

၂၀၀၈ မှာ ဟန်ချက် က စခဲ့တဲ့ ဒီ blog ဟာ ဒိုမိန်းနိမ်း အမျိုးမျိုး ပြောင်းလဲ ပြီးခဲ့ ပေမယ့် စကတည်းက တင်ခဲ့တဲ့ စာတွေ တော်တော်များများကို တတ်နိုင်သလောက် ထိန်းသိမ်း ထားခဲ့ ပါတယ်။ blog platform ကို blogger ဘက် ပြန်ပြောင်း လိုသော် ငြားလည်း post ၂၀၀ ကျော်ကို စိစစ် ရမယ့် အလုပ်ဟာ နည်းပညာ ကျွမ်းကျင်မှု အားနည်းတဲ့ ကျွန်တော်တို့ အဖို့ အခက်အခဲ တစ်ခု ဖြစ်လို့ လောလောဆယ် hiriautatpa ကို ဒီ အတိုင်း ထားပြီး thintlu.com မှာသာ update လုပ်သွားဖို့ စီစဉ် ထားပါတယ်။

အစဉ်အဆက် အားပေး ခဲ့တဲ့ မိတ်ဆွေ အပေါင်းကို ကျေးဇူးလည်း အထူး တင်သလို တုံ့ပြန်မှု အားနည်းခဲ့တဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ကြဖို့လည်း တောင်ပန် လိုပါတယ်။ ကတိကဝတ်တွေ ပေးပြီး မပြောလိုတော့ ပေမယ့် စာဖတ်သူများ စိတ်ကျေနပ်ဖို့ နဲ့ စာရေးသူများ ပီတိ ဖြစ်ဖို့၊ ဒီ နှစ်ခု ညီညွတ်ရအောင် ပြန်လည် ကြိုးစား နေပါကြောင်း ပြောပါရစေ။

ကျေးဇူးတင်လျက်

Hiriautatpa

We are Back on Facebook

မင်္ဂလာပါ။ အချိန် အကြာကြီး ပစ်ထားခဲ့တဲ့အတွက် မိတ်ဆွေများ အားလုံးကို အလွန်ပဲ အားနာပါတယ်။ လောလောဆယ် Facebook Page တစ်ခုမှာ Post တွေ ယာယီ တင်ပါမယ်။ ဟောဒီမှာ လိပ်စာပါ-

https://www.facebook.com/pages/Hiriautatpa/204712232898024

Blog ကို ပစ်ခတ်ထားတာ ကြာပါပြီ။ Post အဟောင်းတွေ ရှိလျက်နဲ့ ရှာလို့မတွေ့၊ link တွေ အလွဲလွဲ အချော်ချော် ဖြစ်နဲ့၊ ဘယ်လိုလုပ်ရမှန်း မသိတာနဲ့ ပစ်ထားတာပါ။ Error တက်နေတာ သိပေမယ့် မလုပ်တတ်လို့ ဒီအတိုင်း ထားထားတာပါ။ နဲနဲတော့ ကြိုးစားကြည့်ပါဦးမယ်။ နောက်ဆုံး မရရင်တော့ post အဟောင်းတွေကို database အသစ် တစ်ခုနဲ့ ပြန်တင်ရတော့ပေါ့။ Post တွေကို link လုပ်ထားရင်တော့ ပျက်ကုန်လိမ့်မယ်။ အရင်အတိုင်း ပြန်ကောင်းအောင် လုပ်ဖို့ သိပ်မလွယ်ဘူး။ သိပ်လဲ မလုပ်တတ်ဘူး၊ အချိန်လဲ မရဘူးကိုး။

Hiriautatpa Facebook မှာ သင့်လူ ရေးတဲ့ ဘာသာပြန် အသစ်ကို အမြည်း တင်ပါမယ်။ ယာယီအားဖြင့် ဧကစာရီ နှစ်ပေါင်း တစ်ရာ လို့ အမည်ပေးထားတဲ့ ဘာသာပြန် အသစ်ကို လာရောက် အားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အားလုံးကိုယ်စား

admin

ကြေငြာချက် အမှတ် ၂၀၀၉/၀၀၁

လေးစားအပ်တဲ့ စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ ခင်ဗျား။ ဟိရိသြတ္တပ္ပကို http://hitiautatpa.co.cc မှ http://www.hiriautatpa.com သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါတယ်။ URL redirect လုပ်ပြီး ဖြစ်လို့ http://hiriautatpa.co.cc ကို လာမိရင်လည်း http://www.hiriautatpa.com ကိုဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ အထွေအထူး ပြောင်းစရာ မလိုဘူး ဆိုပေမယ့် Internet Explorer, Firefox, Chrome, Opera အစရှိတဲ့ browser အသီးသီးမှာ bookmark / favourite အနေနဲ့ မှတ်ထား ခဲ့ရင် URL ကို http://www.hiriautatpa.com ကို ပြောင်းလဲ မှတ်သားပေးဖို့ တောင်းဆို အပ်ပါတယ်။ Site link / blog roll အနေနဲ့ မှတ်သားထားကြတဲ့ blogger မိတ်ဆွေ အပေါင်းကလည်း link ကို update လုပ်ပေးကြဖို့ တောင်းဆိုပါတယ်။ Feed ယူပြီး reader နဲ့ ဖတ်သူတွေ အတွက်တော့ feedburner မှာ update လုပ်ပြီး ဖြစ်တဲ့ အတွက် အပြောင်းအလဲ ရှိမယ် မထင်ပါ။ လောလောဆယ်အထိ co.cc account က သုံးလို့ ရနေသေးတဲ့ အတွက် redirect လုပ်ခြင်းက ပြဿနာ မရှိ ပေမယ့် account သက်တမ်း ကုန်ဆုံးခဲ့ရင် ဘယ်လို ဖြစ်မယ်ဆိုတာ မပြောတတ်ပါ။ နောက်ပြီး http://hiriautatpa.co.cc ကို ဆက်လက် အသုံးပြုမှာ မဟုတ်တော့တဲ့ အတွက် နောက်နောင် မှာ ဟိရိသြတ္တပသည် http://hiriautatpa.co.cc အဖြစ် ပေါ်ပေါက် လာခဲ့ရင် ၎င်းဟာ မူလ ဟိရိသြတ္တပ္ပ မဟုတ်ကြောင်း ကြိုတင် အသိပေးကြေငြာ အပ်ပါတယ်။ မူလ ဟိရိသြတ္တပ္ပသည် http://www.hiriautatpa.com အဖြစ်သာ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ (အကယ်၍များ တစုံတယောက်က http://hiriautatpa.co.cc ဆိုတဲ့ နာမည်ကို မတန်တဆဈေးပေးပြီး ဝယ်သွားခဲ့ရင်ပေါ့။ သို့ပေမယ့် ဘယ်သူကမှ အားအားယားယား ဝယ်၍ တုပမည် မထင်ပါ။)

admin

http://hiriautatpa.co.cc http://www.hiriautatpa.com

Beautiful Theme

ပထမ Justin Tadlock ၏ option theme ထို့နောက် Blog Oh! Blog မှ dailypress theme ယခုတဖန် Justin Tadlock ၏ Visionary Theme. ဘယ်လိုဘဲ ပြောပြော Justin Tadlock ၏ theme များက အမြဲ ပိုလှနေသည် ဟု ထင်မိတယ်။ Feedburner ကို သုံးမရခြင်း အတွက် ခေါင်းကိုက် ခဲ့ရတာ ကလည်း ဒီ theme ပြောင်းပြီးမှ စမ်းကြည့် တော့ ပြန်ရ သွားပြန်ပြီ။ မနေ့က comment တစ်ခုကို moderate လုပ်ရန် email ရသည့် အတွက် ဘယ်သူလဲဟဲ့ ဆိုပြီး ကြည့်မိတော့ Spirulina တဲ့။ IP address: 87.105.99.77 နဲ့ email address: asdkey23@gmail.com တဲ့၊ ဘယ်နိုင်ငံ ကလဲ ဆိုတော့ Poland တဲ့။ ဘာတွေ ရေးထားသလဲ ဆိုပြန်တော့ ဘာအဓိပ္ပါယ်မှန်း မသိတဲ့ အင်္ဂလိပ်စာ မဟုတ် ဗမာစာ မဟုတ် စာတွေ။ ဒါနဲ့ပဲ Akismet နဲ့ စစ်လိုက်တော့ ငနဲက spammer ကိုး။ google မှာ ရှာကြည့်တော့ http://www.stopforumspam.com/ ဆိုတာကို သွားတွေ့တယ်။ ဘာပဲ ပြောပြော akismet က စိတ်ချ ရပါတယ်။

Calender

February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
Follow

Get every new post delivered to your Inbox.