500 days in Dvaravati (22)

ရွာမှထွက်လေ၊ တောမှာသေ

ကျန်းမာရေး ဘောဂဗေဒ မဟာသိပဿပံတန်း စာသင်ခန်းသည် ပုစိကွေး သေးသေးကလေးဖြစ်၏။ ထိုစာသင်ခန်း ပေါက်စနလေးနှင့် မလိုက်ဖက်လှစွာပင် နှစ်ကောင်အား လေအေးပေးစက်ကြီး တပ်ဆင်ထားသောကြောင့် စာသင်ခန်းကား အမြဲတမ်း ရင်ထဲက ဆောင်းရာသီ ဖြစ်နေတော့သည်။ More

500 days in Dvaravati (21)

ကျောင်းဖွင့်ချိန်

“ကျောင်းဖွင့်ရင် ရည်းစားလေးကို ခေါ်ပြီး ဦးချစ်လဘက်ရည်သွားသောက်မယ်” တဲ့။ သူတို့ ငယ်ငယ်က အောင်မြင် ကျော်ကြားလှသော အဆိုတော်ကြီး ကိုင်ဇာ၏ သီချင်းချိုချို တစ်ပုဒ် ရှိခဲ့ဖူးသည်။ အခု ထိုင်းနိုင်ငံ ဘန်ကောက်   မြို့ တော် ချူလာလောင်ကွန်တော်ဝင် တက္ကသိုလ်ကြီးတွင် ကျောင်းတက်နေရသော သူ့အတွက် preliminary course ခေါ်ပဏာမ သင်တန်းများပြီးဆုံး၍ မဟာဘွဲ့အတွက် တကယ့်အစစ်အမှန် သင်တန်းများ စပါချေပြီ။ More

500 days in Dvaravati (20)

အရူးကတမူးသာ (၂)

၁၉၇ဝ နှောင်းပိုင်း ပရင်စတန်တကဿကသိုလ်တွင်တော့ ဂျွန်နက်ရှ်သည် အလွန်တရာနာမည်ကြီးသူ ဖြစ်နေလေပြီ။ လူတိုင်း က ပရင်စတန် သခဿင်ာဋဿဌာန၏ ကျောက်သင်ပုန်းမည်းကြီးပှေါတွင် ညကြီးသန်းခေါင် သခဿငျာညီမျှခြင်းများ ထထရေးတတ် သည့် ဂျွန်နက်ရှ်အကြောင်းကို ဒဏဿဍာရီထဲက ပုံပြင်တစ်ပုဒ်နှယ် ပြောဆိုနေကြ၏။ ၁၉၇၈ ခုနှစ်တွင် နက်ရှ် အီကွီ လီဘရမ်ရှာဖွေတွေ့ရှိမှုကို အကြောင်းပြု၍ ဗွန်နျူမန်းဆုကို ရ၏။ More

500 days in Dvaravati (19)

အရူးက တမူးသာ (၁)

ကျောင်းပြန်ဖွင့်၍ သင်တန်းသစ်တက်ရပြန်လေပြီ။ ဒီတစ်ခေါက် အလှည့်ကျ အသုံးတှောခံ ရမည့်ဘာသာက မိုက်ခရို အီကှောနောမစ် ဖြစ်၏။ သင်တန်းတာဝန်ခံက တွဲဖက်ပါမောကဿခ ဒေါက်တာဂျွန် အမည်ရှိ မျက်မှန်ထူထူ၊ ဆံပင်တိုတို နှင့် အမြဲပြုံးနေတတ်သော ဆရာမ ဖြစ်၏။ More

500 days in Dvaravati (18)

ဆုန်ကရမ် ရဲ့ အရုဏ်ဦး

ပျော်သည်။ ကျောင်းပိတ်ပြီ။ မက်ခရို ဘောဂဗေဒ နှင့် အသုံးချ သင်္ချာသင်တန်းများပြီးဆုံး၍ အကြိုသင်တန်း၏ နောက်ဆုံးဘာသာရပ်ဖြစ်သော မိုက်ခရို ဘောဂဗေဒ သင်တန်းမစမှီ ဆုန်ကရမ်ခေါ် ထိုင်းသင်္ကြန်ပွဲတော်နှင့် တည့်တည့် တိုးမိသဖြင့် ကျောင်းသုံးပါတ်ပိတ်ရသည်။ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်မဟဲ့လို့ အကြံကြီး ကြံခဲ့ သော်လည်း ကျောင်းပိတ်ပြီး ၄၈ နာရီ အတွင်း ထိနမိဒ္ဓ ကသူ့ကို လွှမ်းမိုးအနိုင်ယူသွားခဲ့သည်။ ဘန်ကောက်၏ လမ်းမ များကား ခြောက်သွေ့လှပါဘိ။ ဘဇာ ကြောင့်နည်း။ အကြောင်းရင်းကို စောကြောဆန်းစစ်မိသောအခါ- မြို့ ကြီးသား တို့ကား အားလပ်ရက်အတွက် နိုင်ငံတွင်း၊ ပြင် အပန်းဖြေခရီးများ ကိုယ်စီကိုယ်ဌ ထွက်တော်မူနေကြရာ ဘယ်ခရီးမှ မထွက်နိုင်သော သူ့လိုလူမျိုးများသာ ဆုန်ကရမ် သင်္ကြန်ရက်အတွင်းဘန်ကောက်တွင် ငေါင်းစင်းစင်း ငုတ်တုတ် ကျန်ရစ်ခဲ့ကြသောကြောင့်-ဟု အဖြေထွက်လာသည်။ ဆိုးပါ့။ More

500 days in Dvaravati (17)

နင်လားဟဲ့ သင်္ချာ

နေ့ရက်တို့သည် မှန်မှန်ကြီး ကုန်ဆုံးလျှက် ရှိ၏။ တစ်နေ့ ထမင်း သုံးထပ်စားရင်း၊ လေးဖက်ပါတ်ရံ အုတ်နံရံတွင်း အခန်းကျဉ်းကလေး ထဲမှာထိုင်ရင်း၊ လှဲရင်း၊ စာဖတ်ရင်း၊ နိစ္စဓူဝ ကျောင်းသို့သွား၍ စိတ်ညစ်ဖွယ် သင်ကြားပို့ချမှုများ ကို နာခံရင်း၊ ညနေအပြန် ရန်နန်လမ်းမ ဘေးရှိ ပန်းခြံပေါက်စလေးထဲတွင် ထိုင်၍ တောင်တောင်အီအီ ငေးမောရင်း၊ ကွန်ပျူတာရှေ့ မျက်နှာအပ်၍ အင်တာနက်ရင်း၊ တီဗွီ ဖန်သားပြင်မှ အရုပ်နှင့် အသံများကို စက္ခုနှင့် သောတ အာရုံဖြန့် ကျက်ရင်း တစ်လမျှသော အချိန်ကုန်ခဲ့ပြီ။ More

500 days in Dvaravati (16)

ဟန်းဖုန်း မှသည် ဟန်ဖုန်းဆီသို့

ဘာလိုလိုနှင့် ဘန်ကောက်ရောက်နေသည်မှာ တစ်လ နီးပါးရှိခဲ့ပြီ။ ရန်နန်း ကိုဗဟိုပြု၍ နေရာအတော်များများ သွားတတ် လာတတ်နေပြီ။ အယုဒ္ဓယ လမ်းသွယ် (၂) ဆိုသည့် သူနေထိုင်ရာ လမ်းကျဉ်းလေးအတွင်း သူ့ခြေရာများ ထပ်နေပြီ။ လမ်းထိပ်ရှိ ကားအရောင်းပြခန်းငယ်လေးကိုလည်း အသွားအပြန် ငေးမောကြည့်ရှုတတ်လာပြီ။ မာစီးဒီး၊ ဗော်လ်ဗို၊ ဘီအမ်ဒဘလျှူ နှစ်ယောက်စီး ပြိုင်ကားငယ်ကလေးများက မျက်စိပသာဒ ရှိလှပါဘိ၊ ဈေးနှုန်းတွေက ဘတ်နှစ်သန်း မှ ငါးသန်းအထိ အစားစား၊ သူတို့ဆီက ကားဈေးဖြင့်ချိန်ထိုးကြည့်လျှင် များလှသည်ဟု မဆိုသာ။ သို့သော်လည်း သူ့မှာ ရှိသည့်ငွေဖြင့် ဆိုလျှင်တော့ ကားမပြောနှင့်၊ လန်ချားပင်မရနိုင်။ More

500 days in Dvaravati (15)

ဒွါရာဝတီမှာရက်ငါးရာ (၁၅)

ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ်

စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ ဆရာမ မစ္စစ် အန်နာလီယို နိုဝင် တို့၏ လောကီထုပ္ပါတ် လူတို့ဇာတ် ကို စိတ်ရောကိုယ်ပါ နှစ်၍ ကြည့် နေမိသည်။ သြော်- ချူလာ နှင့် အန်နာMore

500 days in Dvaravati (14)

ဒွါရာဝတီမှာရက်ငါးရာ (၁၄)

တိုက်ကား

Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ အခြေကျ စေဖို့ ဘတ် ခုနှစ်ထောင် နှင့် ဗီဇာကြေး ဘတ် နှစ်ထောင်၊ ပေါင်း ဘတ် တစ်သောင်းခြောက်ထောင်ကို အစိုးရ ငွေစုဘဏ် (Government Saving Bank) တွင်သွင်းပေးထားပြီး သူနှင့် မကင်းကောင်က ဘဏ်သို့သွား၍ ငွေစုစာအုပ်နှင့် ငွေထုတ်ကဒ် ATM လုပ်ကြရမည်။ ကောင်းလှပါပြီ။

More

500 days in Dvaravati (13)

ဒွါရာဝတီမှာရက်ငါးရာ (၁၃)

ဂျိဒယ်၊ ဂျိဒယ်

စိတ်လက် မကြည်သာစွာဖြင့် အိပ်ရာ ကနိုးလာသောသူ။ နံနက်ခင်းသည် နေရောင်ခြည်များ ၀င်းလက် ထိန်တောက်လျက်။ နုံးနုံး ချိချိ မျက်နှာသစ်၊ ဆူဆူ အောင့်အောင့် ရေချိုး။ ဆောင့်ကြီး အောင့်ကြီး အ၀တ်လဲ။ ငေးငေး ငိုင်ငိုင် နံနက်စာစား။ တကယ်တော့ ငယ်စဉ် ကကျောင်းမတက်ချင်၍ မိဘကို ခြေဆောင့် ငိုယို ဆန္ဒပြသည့် ကလေးငယ်များ၏ အချိုးမျိုး လုပ်နေမိ ခြင်းပါ။ အမှန်တကယ်လည်း ကျောင်းသွားချင်စိတ် လုံးဝမရှိ။ တစ်ရက်စာသည် တစ်သက်တာ အတွက်ဖူလုံ ပြည့်စုံ နေသလို။ ကိုယ်တတ်သိ နားလည်သော ပညာကို အဆင့်မြင့်မြင့် ဆက်လက်သင်ယူနေရခြင်းမျိုး မဟုတ်။ သူ့အဖြစ်က ကြားဖြတ်ပြီး ရုပ်ရှင် လက်မှတ် တန်းစီမိသလို ဖြစ်နေ၏။ ယခု လူတန်းထဲမှ ကန်ထုတ်ခံရလုနီးနီး။ စိတ်ဓါတ်ကျသည် ဆိုသောစကားက တကယ်ခံစားရမှ အတော်အခံရခက်မှန်း နားလည်ရသည်။ မနေ့က သင်ကြားလိုက်သည့် အီကော်နော်မစ် ဒီပရက်ရှင်းက သူ့ စိတ်ဒီပရက်ရှင်းလောက် ဆိုးမည်မထင်။

More

Previous Older Entries

Calender

February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
Follow

Get every new post delivered to your Inbox.