အတ္တလန်တစ် ရှာပုံတော် (၁၂)
01 Mar 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ရဲအရာရှိ ဂျိမ်းအီဂမ် ဂျူနီယာ သည် နိဗ္ဗာန်ဘုံ မိုင်းတွင်း ပြိုကျမှု အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်ရန် အသွား နယူးရှယ်ရီဒန် ဟိုတယ် မြေအောက်ခန်း ကို ဖောက်ခွဲ ဝင်ရောက်မှုဖြင့် လူးဝစ်မာကွီး နှင့် အပေါင်းအပါ တစ်စု ကို ဖမ်းဆီး ထားကြောင်း သတင်း ဝင်လာ သဖြင့် အလျှင်အမြန် ပြန်လာ ခဲ့သည်။ More
အတ္တလန်တစ် ရှာပုံတော် (၁၁)
25 Feb 2009 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မိန်းမ များသည် သောတ အာရုံနှင့် ပါတ်သက်လျှင် ယောက်ျား များထက် ပိုမို ထက်မြက် ကြသည်ဟု ပစ် ထင်မိ၏။ ပက်ထရစ်ရှာ ဒီလို ပြောလိုက်သော အခါ သူ့ တိုက်ခန်းသို့ ရိုးရိုးရော၊ ဆန်းဆန်းပါ လာရောက် လည်ပါတ်လေ့ ရှိသည့် အမျိုးသမီးတိုင်းက သူ့နားထဲမှာ အနေတော် ဖြစ်နေသည့် တီဗွီမှ အသံသည် သိပ် ကျယ်လွန်းသည် ဟု စောဒက တက်ကြ သည်ကို ပစ် အမှတ် ရမိ၏။ More
အတ္တလန်တစ် ရှာပုံတော် (၁၀)
20 Feb 2009 7 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
“ခင်ဗျား ရှေ့ က သွားပါ။ ဦးထုပ်က မီးအလင်းရောင်နဲ့ သွား၊ ကျွန်တော်တို့ နောက်က လိုက်မယ်။ ဘက်ထရီ ကုန်သွားရင် ကျွန်တော့် ဟေလိုဂျင် ရေငုတ် မီးကိုသုံးမယ်” ပစ်က မာကွီးကို ပြောလိုက်သည်။ မာကွီးက အားလုံးကို လှည့်ပြော လိုက်သည်။ More
အတ္တလန်တစ် ရှာပုံတော် (၉)
17 Feb 2009 4 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
လှိုဏ်ခေါင်းက မဲမှောင်ဘိခြင်း။ ဖွေးကနဲ ဖြာထွက် သွားသော မီးရောင် အောက်ဝယ် ရေက လှိုဏ်ခေါင်း အမိုးနားထိ တက်နေ သည်ကို တွေ့ကြ ရသည်။ လူစိမ်းက သူ့ကွန်ပြူတာ အသေးစားလေး၏ စကရင် ပေါ်ရှိ လှိုဏ်ခေါင်းများ တည်နေရာကို ပြသည့် အစိမ်းရောင် မျဉ်းကြောင်း များကို အသေအချာ ကြည့်ပြီး ခြေထောက် များကို လှိုဏ်ခေါင်း နံရံကို အားပြု တွန်းကန်ရင်း ရေအောက် မြုပ်နေသည့် လှိုဏ်ခေါင်းတစ်လျှောက် စတင် ကူးခတ် တော့သည်။ ပက်လည်း သူ့နောက်မှ ဖဝါးခြေထပ်၊ ထပ်ချပ်မကွာ။ More
အတ္တလန်တစ် ရှာပုံတော် (၈)
08 Feb 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၄)
ကြောက်ရွံ့ ထိတ်လန့်ခြင်းကြောင့်လည်းကောင်း၊ ရေခဲတမျှ အေးစက်သော ရေ၏ အထိအတွေ့ကြောင့်လည်းကောင်း ထိုမျက်လှည့်ပြသည့်နှယ် ထူးဆန်းအံ့သြဖွယ် လူတစ်ယောက်ရေထဲမှ ဘွားကနဲပေါ်လာခြင်းကို ကိုယ်ရောစိတ်ပါ ထုံထိုင်းနေသော ပက်ထရစ်ရှာ တစ်ယောက် အံ့သြနိုင်စွမ်းပင်မရှိတော့လောက်အောင် ကြောင်ငေးနေမိ၏။ More
အတ္တလန်တစ် ရှာပုံတော် (၇)
04 Feb 2009 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၃)
တော်လဲသံကြီးသည် မြေအောက်လှိုဏ်ဂူ အတွင်း နားမခံသာအောင် ပဲ့တင်ထပ်လျှက်ရှိရာမှ တဖြည်းဖြည်း တိုး၍ တိုး၍နောက်ဆုံးတော့ လုံးဝဆိတ်ငြိမ်သွားတော့သည်။ ပိန်းပိတ်နေသော အမှောင်ထုနှင့် ခြောက်ချားဖွယ် ငြိမ်သက် တိတ်ဆိတ်မှု၊ ထိုအမှောင်ထုနှင့် တိတ်ဆိတ်မှု တို့ကို နှာခေါင်းနှင့် ပါးစပ်များထဲ ဖုံအလုံးအရင်းဝင်ရောက်မှုကြောင့် လည်ချောင်းယားလွန်လွန်းသဖြင့် အပြိုင်အဆိုင်ဆိုးလိုက်ကြသော လူသားသုံးဦး၏ ချောင်းဆိုးသံများက ဖြိုခွင်းပစ် လိုက်သည်။ ပထမဆုံးစကားစပြောနိုင်သူက အမ်ဗရိုစ်။ ချောင်းဆိုးရလွန်း၍ မောဟိုက်ပြီး အစ်တစ်တစ်ဖြစ်နေသော အသံကွဲကြီးဖြင့်- More
အတ္တလန်တစ် ရှာပုံတော် (၆)
01 Feb 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ကျောက်တူးသမား မာကွီး အမှတ်မထင် တွေ့ရှိ ခဲ့သော ကျောက်နံရံ တွင်းမှ အခန်းငယ်လေး။ အပေါ်သို့ တက်ရန် လှေကား အသင့် ထောင်ထား၏။ တောက်ပ စူးရှသည့် မီးလုံး များလည်း ထိန်နေအောင် ထွန်းထားသည်။ More
အတ္တလန်တစ် ရှာပုံတော် (၅)
29 Jan 2009 5 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၂)
လေယာဉ်မှူး သည် ယူနိုက်တက် အဲလိုင်း ပိုင် အင်ဂျင် နှစ်လုံးတပ် လေယာဉ် ကလေး ကို ဖြူလွလွ တိမ်တိုက် ကြားမှ ဖောက်ထွက်ပြီး ဆန်မီဂယ် မြစ်ဘေးမှ ပြေးလမ်းတို ကလေးတွင် ဆင်းသက်ရန် ကြိုးစား နေသည်။ တယ်လူရိုက်ဒ် လေဆိပ်တွင် အကြိမ် တစ်ရာ မက ဆင်းသက် ခဲ့ဖူးပြီ ဖြစ်သော်လည်း နှင်းများ ဖုံးနေသည့် ဆန်ဂျူအန် တောင်တန်း ကြီးများ၏ ရှုမငြီးသည့် မျက်စိ ပဿဒ ကို အတင်း မျက်နှာ လွှဲ၍ လေယာဉ် ဆင်းရသည့် အလုပ်မှာ သူ့အတွက် ခက်ခဲ ပင်ပန်း နေဆဲ ဖြစ်၏။ More
အတ္တလန်တစ် ရှာပုံတော် (၄)
18 Jan 2009 3 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
သွားပါများ ငရဲရောက်
မတ်လ ၂၂ ရက်၊ ၂၀၀၁ ခုနှစ်
ပန်ဒိုရာ၊ ကိုလိုရာဒို
(၁)
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ကိုးထောင် မြင့်သော ဒေသ တွင် အရုဏ် တက်စ ကောင်းကင် ပြင်မှ မှေးမှိန် ဖျော့တော့စ ကြယ်များကို ကြည့်ရ သည်မှာ ပြဇာတ် ရုံမှ ဘော်ကြယ်တွေ ထိုးထားသော အမဲရောင် ကတ္တီပါ ပိတ်ကားကြီး အလား။ လူးဝစ် မာကွီး တစ်ယောက် သူ၏ သစ်သား အိမ်ကလေးမှ ထွက်လာစဉ် လိမ္မော်ရောင် သန်းနေ သော လမင်း ကြီးကို တစ်ချက် ကြည့်လိုက် သည်။ ထို့နောက် တွင်တော့ သူ၏ ၁၉၇၃ ခုနှစ် ထုတ် ချီဗီ ချီယာနီ လေးဘီး ယက် ပစ်ကပ် ကားကြီး ဆီသို့ လျှောက်လှမ်း လာခဲ့သည်။ More
အတ္တလန်တစ် ရှာပုံတော် (၃)
14 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
သားရေ အဖုံးဖြင့် သပ်ရပ်စွာ ချုပ်ထားသော မဒရပ် သင်္ဘော မှတ်တမ်း စာအုပ်ကား စားပွဲ ပေါ်တွင် နေရာမယွင်း ရှိနေသည်။ သက်ပြင်း ရှည်ကြီးကို လေးပင်စွာ ချလိုက်ပြီး ကပ္ပတိန် မန်ဒါသည် သင်္ဘော မှတ်တမ်း စာအုပ်ကို ကုတ် အင်္ကျီ အိတ်ထဲသို့ ထည့်လိုက်သည်။ အခန်းထဲမှ ပြန်ထွက် လာခဲ့ပြီး တံခါး ပြန်ပိတ် ပေးခဲ့သည်။ ကပ္ပတိန်ဟန့် ငြိမ်းချမ်းစွာ အနားယူ ပါစေတော့။ More

Recent Comments