ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ (၂)
12 Jun 2011 Leave a Comment
in ဘာသာပြန်, ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ
ဝေးလွင့် ကင်းကွာ နှစ်တစ်ရာ
အခန်း (၂) – ပထမပိုင်း
ဆယ့်ခြောက်ရာစု နှစ်တွင် ပင်လယ်ဓါးပြကြီး ဆာ ဖရန်စစ် ဒရိတ်က ရိုင်ယိုဟာချာ မြို့ကို ကျူးကျှော ချိန်ဝယ်၊ အာဆူလာ အီဂွာရန် ၏ ဘင်မကြီးသည် နားကွဲမတတ် ဆူညံသော အမြှောက်သံများနှင့် ငရဲပွက် သလို အှောဟစ်နေသော လူသံများ၊ အချက်ပေးခေါင်းလောင်းသံများကြောင့် အကြောက်ကြီး ကြောက်ပြီး လုပ်မိလုပ်ရာ မီးတောက်နေသော မီးဖို ပှေါသို့ ဖင်ထိုင်ချမိခဲ့သည်။ More
ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ
03 Jun 2011 Leave a Comment
in ဘာသာပြန်, ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ
ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ
အခန်း (၁)
နောင်နှစ်ပေါင်းများစွာ အကြာ ဗိုလ်မှူးကြီး အော်ရဲလီယာနို ဘူဝမ်ဒီယား သည် သူ့ကို ပစ်သတ်ရန် အသင့်ပြင် နေသော သေနတ်ပစ် အဖွဲ့နှင့် မျက်နှာချင်း ဆိုင်နေစဉ်မှာပင် သူ့ အဖေ သူနှင့် အတူ ရေခဲ ရှာပုံ တော် ဖွင့် ခဲ့သည့် တစ်ညနေကို မှတ်မှတ် ထင်ထင် ရှိနေဆဲ။ အဲဒီ အချိန်တုန်းက မာကွန်ဒို သည် အိမ်ခြေ နှစ်ဆယ် ခန့်သာ ရှိသော ရွာစွန် ဇနပုဒ် ကလေး တစ်ခု ဖြစ်ခဲ့သည်။ ဒိုင်နိုဆောဥ ကြီးများ လို ဖြူဖွေး နေသည့် ကျောက်လုံးကြီးများ ကို ဒိုးယိုပေါက်မြင်ရလောက်အောင် ကြည်လင်အေးမြသည့် ရေများ စီးဆင်း ရာ အမည်မဲ့ မြစ်ကမ်း နဖူးပေါ်တွင် မေးတင်ထား သည့် ရွာကလေး။ More

Recent Comments