အတ္တလန်တစ် ရှာပုံတော် (၆)
01 Feb 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ကျောက်တူးသမား မာကွီး အမှတ်မထင် တွေ့ရှိ ခဲ့သော ကျောက်နံရံ တွင်းမှ အခန်းငယ်လေး။ အပေါ်သို့ တက်ရန် လှေကား အသင့် ထောင်ထား၏။ တောက်ပ စူးရှသည့် မီးလုံး များလည်း ထိန်နေအောင် ထွန်းထားသည်။ More
အတ္တလန်တစ် ရှာပုံတော် (၅)
29 Jan 2009 5 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၂)
လေယာဉ်မှူး သည် ယူနိုက်တက် အဲလိုင်း ပိုင် အင်ဂျင် နှစ်လုံးတပ် လေယာဉ် ကလေး ကို ဖြူလွလွ တိမ်တိုက် ကြားမှ ဖောက်ထွက်ပြီး ဆန်မီဂယ် မြစ်ဘေးမှ ပြေးလမ်းတို ကလေးတွင် ဆင်းသက်ရန် ကြိုးစား နေသည်။ တယ်လူရိုက်ဒ် လေဆိပ်တွင် အကြိမ် တစ်ရာ မက ဆင်းသက် ခဲ့ဖူးပြီ ဖြစ်သော်လည်း နှင်းများ ဖုံးနေသည့် ဆန်ဂျူအန် တောင်တန်း ကြီးများ၏ ရှုမငြီးသည့် မျက်စိ ပဿဒ ကို အတင်း မျက်နှာ လွှဲ၍ လေယာဉ် ဆင်းရသည့် အလုပ်မှာ သူ့အတွက် ခက်ခဲ ပင်ပန်း နေဆဲ ဖြစ်၏။ More
အတ္တလန်တစ် ရှာပုံတော် (၄)
18 Jan 2009 3 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
သွားပါများ ငရဲရောက်
မတ်လ ၂၂ ရက်၊ ၂၀၀၁ ခုနှစ်
ပန်ဒိုရာ၊ ကိုလိုရာဒို
(၁)
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ကိုးထောင် မြင့်သော ဒေသ တွင် အရုဏ် တက်စ ကောင်းကင် ပြင်မှ မှေးမှိန် ဖျော့တော့စ ကြယ်များကို ကြည့်ရ သည်မှာ ပြဇာတ် ရုံမှ ဘော်ကြယ်တွေ ထိုးထားသော အမဲရောင် ကတ္တီပါ ပိတ်ကားကြီး အလား။ လူးဝစ် မာကွီး တစ်ယောက် သူ၏ သစ်သား အိမ်ကလေးမှ ထွက်လာစဉ် လိမ္မော်ရောင် သန်းနေ သော လမင်း ကြီးကို တစ်ချက် ကြည့်လိုက် သည်။ ထို့နောက် တွင်တော့ သူ၏ ၁၉၇၃ ခုနှစ် ထုတ် ချီဗီ ချီယာနီ လေးဘီး ယက် ပစ်ကပ် ကားကြီး ဆီသို့ လျှောက်လှမ်း လာခဲ့သည်။ More
အတ္တလန်တစ် ရှာပုံတော် (၃)
14 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
သားရေ အဖုံးဖြင့် သပ်ရပ်စွာ ချုပ်ထားသော မဒရပ် သင်္ဘော မှတ်တမ်း စာအုပ်ကား စားပွဲ ပေါ်တွင် နေရာမယွင်း ရှိနေသည်။ သက်ပြင်း ရှည်ကြီးကို လေးပင်စွာ ချလိုက်ပြီး ကပ္ပတိန် မန်ဒါသည် သင်္ဘော မှတ်တမ်း စာအုပ်ကို ကုတ် အင်္ကျီ အိတ်ထဲသို့ ထည့်လိုက်သည်။ အခန်းထဲမှ ပြန်ထွက် လာခဲ့ပြီး တံခါး ပြန်ပိတ် ပေးခဲ့သည်။ ကပ္ပတိန်ဟန့် ငြိမ်းချမ်းစွာ အနားယူ ပါစေတော့။ More
အတ္တလန်တစ် ရှာပုံတော် (၂)
11 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
တစ္ဆေ သင်္ဘောကြီး
စက်တင်ဘာ ၃၀၊ ၁၈၅၈
စတီဖင်ဆင် ပင်လယ်အော်၊ အန္တာတိက
လမ်းလျှောက် နေခြင်းကို ရပ်လိုက်လျှင် သူမ လဲကျ သေဆုံးသွား တော့မည်မှန်း ရိုဆန်နာ မန်ဒါ သိနေခဲ့ပါသည်။ စိတ်ဆောင် နေ၍သာ အခုလို သွားနေနိုင် သော်လည်း တကယ်တော့ သူမ အားကုန် နေပြီ။ အပူချိန် သည် သုံည အောက်၊ ရေခဲမှုန် များ ပါသည့် အေးစိမ့် နေသည့် လေအေးက အရေပြား ကို ဆွဲဖြဲ နေသလို၊ တစထက် တစ အသက် ဇီဝ ကို ချွေယူမည့် ငိုက်မြည်းခြင်း က တိုးသည်ထက် တိုး၍ လာသည်။ ဒီအချိန် အိပ်ပျော် သွားလျှင် မရဏ ကမ္ဘာ ရောက်မှ ပြန်နိုး တော့မည်မှန်း သူမ ကောင်းကောင်း သိသည်။ အချိန် မရွေး ကွဲအက် သွားနိုင်သော ရေခဲလွှာ ပေါ်တွင် ခြေ တစ်လှမ်းခြင်း ရွေ့ လျား နိုင်ရန် ဟန်ချက် ကိုလည်း အစွမ်းကုန် ထိန်းထား ရသည်။ အသက် ရှုရ သည်က ဟိမဝန္တာ တောင်တန်း များပေါ် အောက်စီဂျင် မပါပဲ တက်သည့် တောင်တက်သမား တစ်ဦးနှယ် ခက်ခဲ ပင်ပန်း လှဘိခြင်း။ More
အတ္တလန်တစ် ရှာပုံတော် (၁)
07 Jan 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မဟာထိပ်တိုက် ထိတွေ့မှုကြီး
၇၁၂၀ ဘီစီ
ဟတ်ဆန် ပင်လယ်အော်ဒေသ၊ ကနေဒါ
ကျူးကျော်သူ သည် ဆိုင်းမဆင့် ဗုံမပါပဲ နောက်ကွယ်မှ ဘွားကနဲပေါ်လာခဲ့၏။ လူသားတို့ နေထိုင်ရာ နေစကြာဝဠာ ၏အပြင်ဖက်ရှိ ဂြိုလ်များဆီမှ ရေခဲမှုန်များ၊ ကျောက်စ ကျောက်န များ၊ ဖုန်မှုန့်များနှင့် ဓါတ်ငွေ့များ စုပေါင်း၍ လွန်ခဲ့သော နှစ်သန်းပေါင်း လေးထောင့်ခြောက်ရာ ခန့်ကတည်းက သန္ဓေတည်လာခဲ့သော ကြီးမားလှသည့် ထိုထု ထည်ကြီးသည် စကြာဝဠာ ကိုယ်တိုင် လောက်ပင် သက်တမ်းရင့်လှပြီ။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲ နေသော အမှုန်အမွှားများသည် တဖြည်းဖြည်း စုခဲ၍ အချင်းတစ်မိုင် ပါတ်လည်ခန့် ရှိသော အမြုတေ အစိုင်အခဲ တစ်ခု စတင် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ ထိုအရာကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နေကို ဗဟိုပြုလျက် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မဆုံးနိုင်သည့်ခရီးရှည်ကြီး နှင်နေလေတော့သည်။ More
Revenge
01 Feb 2008 7 Comments
in ဘာသာပြန်
တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်ခံ
(၁)
လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း နိမ့်ကျ အောင် ပြောင်လှောင် စော်ကား ခြင်းသည် လွန်စွာမှ မခံ မရပ် နိုင်ဖွယ် ကိစ္စ ဖြစ်သော်လည်း ဖော်ကျူနေတို အား ကျွန်ုပ် အကြိမ်ကြိမ် အခါခါ သည်းညည်း ခံခဲ့ ပါသည်။ သို့သော် သည်းခံခြင်း ကား အတိုင်း အတာ တစ်ခု အထိသာ။ ဆွေစဉ် မျိုးဆက် အမြတ် တနိုး ဂုဏ်ယူ ခဲ့ကြရသော ကျွန်ုပ်၏ မျိုးရိုး အမည် နာမ ကို နှိမ့်ချ ပြက်ရယ်ပြု စော်ကား လာသည့် အခါ မတော့ ဒင်း အပေါ် သည်းခံ နိုင်စွမ်း ကုန်ဆုံး ခဲ့ချေ ပြီ။ လက်တုံ့ ပြန်ခြင်း၊ ကလဲ့စား ချေခြင်း သည် ကောင်းသော အရာ မဟုတ်မှန်း လူ တိုင်း သိကြ သော်လည်း သည် တစ်ကြိမ် မှာတော့ စိတ် အလိုကို ကျွန်ုပ် မလွန်ဆန် နိုင်ပါ။

Recent Comments