ကြေငြာချက် အမှတ် ၂၀၀၉/၀၀၁
14 May 2009 Leave a Comment
in အထွေထွေ
လေးစားအပ်တဲ့ စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ ခင်ဗျား။ ဟိရိသြတ္တပ္ပကို http://hitiautatpa.co.cc မှ http://www.hiriautatpa.com သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါတယ်။ URL redirect လုပ်ပြီး ဖြစ်လို့ http://hiriautatpa.co.cc ကို လာမိရင်လည်း http://www.hiriautatpa.com ကိုဘဲ ရောက်လာမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ အထွေအထူး ပြောင်းစရာ မလိုဘူး ဆိုပေမယ့် Internet Explorer, Firefox, Chrome, Opera အစရှိတဲ့ browser အသီးသီးမှာ bookmark / favourite အနေနဲ့ မှတ်ထား ခဲ့ရင် URL ကို http://www.hiriautatpa.com ကို ပြောင်းလဲ မှတ်သားပေးဖို့ တောင်းဆို အပ်ပါတယ်။ Site link / blog roll အနေနဲ့ မှတ်သားထားကြတဲ့ blogger မိတ်ဆွေ အပေါင်းကလည်း link ကို update လုပ်ပေးကြဖို့ တောင်းဆိုပါတယ်။ Feed ယူပြီး reader နဲ့ ဖတ်သူတွေ အတွက်တော့ feedburner မှာ update လုပ်ပြီး ဖြစ်တဲ့ အတွက် အပြောင်းအလဲ ရှိမယ် မထင်ပါ။ လောလောဆယ်အထိ co.cc account က သုံးလို့ ရနေသေးတဲ့ အတွက် redirect လုပ်ခြင်းက ပြဿနာ မရှိ ပေမယ့် account သက်တမ်း ကုန်ဆုံးခဲ့ရင် ဘယ်လို ဖြစ်မယ်ဆိုတာ မပြောတတ်ပါ။ နောက်ပြီး http://hiriautatpa.co.cc ကို ဆက်လက် အသုံးပြုမှာ မဟုတ်တော့တဲ့ အတွက် နောက်နောင် မှာ ဟိရိသြတ္တပသည် http://hiriautatpa.co.cc အဖြစ် ပေါ်ပေါက် လာခဲ့ရင် ၎င်းဟာ မူလ ဟိရိသြတ္တပ္ပ မဟုတ်ကြောင်း ကြိုတင် အသိပေးကြေငြာ အပ်ပါတယ်။ မူလ ဟိရိသြတ္တပ္ပသည် http://www.hiriautatpa.com အဖြစ်သာ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။ (အကယ်၍များ တစုံတယောက်က http://hiriautatpa.co.cc ဆိုတဲ့ နာမည်ကို မတန်တဆဈေးပေးပြီး ဝယ်သွားခဲ့ရင်ပေါ့။ သို့ပေမယ့် ဘယ်သူကမှ အားအားယားယား ဝယ်၍ တုပမည် မထင်ပါ။)
admin
http://hiriautatpa.co.cc http://www.hiriautatpa.com
အတ္တလန်တစ် ရှာပုံတော် (၂၈)
14 May 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ကျောက်ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြသော မံမီရုပ်အလောင်းကောင် နှစ်ဆယ်တိတိ ဖြစ်တော့သည်။ မံမီ အလောင်းနှစ်ခုက အနည်းငယ်ပိုမြင့်သော ကျောက်ကုလားထိုင်များပေါ်တွင် ရှိပြီး အခန်းအပေါက်ဝကို မျက်နှာချင်း ဆိုင်ထားသည်။ ကျန်ဆယ့်ရှစ်လောင်းကို အခန်းထဲတွင် မြင်းခွာပုံ ညီညီညာညာ စီစီရီရီ နေရာချထားသည်ကို တွေ့ကြ ရသည်။ More
အတ္တလန်တစ် ရှာပုံတော် (၂၇)
10 May 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဂျီယိုဒီနိုကတော့ မောပန်း ပုံမပေါ်ပါ။ ကျားကိုးစီး စားမကုန်အောင် တုပ်ခိုင်သည့် သူ့ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင်ပင် ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနေ၏။ ရူဒီဂန်းကလည်း မခေလှပါ။ ဂန်းသည် တတ်နိုင်သလောက် အန္တရာယ်ကို ရှောင်ကွင်းချင်သော သဘောရှိသော်လည်း မတတ်နိုင်သည့်အဆုံး အပြုံးမပျက်အန္တရာယ်နှင့် ရင်ဆိုင်နိုင်သူဖြစ်၏။ ပိန်ပိန် ပါးပါး သေးသေး ကွေးကွေး သူ့ခန္ဓာကိုယ်လေးက ထင်သည်ထက်ပိုမာကြော၏။ ထို့ကြောင့်လည်း ဤခရီးကို တစ်ချက်မငြီးပဲ ဂျီယိုဒီနို နောက်မှ လိုက်လာနိုင်၏။ ကိုက်နှစ်ဆယ်လောက်ခရီးပေါက်ပြီးတိုင်း တစ်ခါနား၍ သူ့မျက်မှန်ထူကြီး တွင်တွယ်ငြိလာ သောရေငွေ့များကို သုတ်ပစ်နေရတာ တစ်ခုပဲရှိသည်။ More
အတ္တလန်တစ် ရှာပုံတော် (၂၆)
08 May 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဂျီယိုဒီနိုသည် အရုဏ်တက်စ နံနက် လေးနာရီခန့်တွင် တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့ပြင်ရှိ လေယာဉ်ကွင်း ဟောင်းတစ်ခုမှနေ၍ ပါရှန်းအပြာရောင်သန်းစပြုနေပြီဖြစ်သော ကောင်းကင်ပြင်သို့ ဘယ်လ်-ဘိုရင်း ၆ဝ၉ တေ့လ်-ရိုတာ လေယာဉ်ကြီးကို မောင်းတက်လာခဲ့သည်။ ဟယ်လီကော်ပတာများကဲ့သို့ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင် သည့် တေ့လ်-ရိုတာ လေယာဉ်သည် မြေပြင်မှ ပေငါးရာအကွာအထိ ဒေါင်လိုက်ကြီးတက်လာခဲ့သည်။ ထို့နောက်တွင် တော့ သာမာန်လေယာဉ်တစ်စီးကဲ့သို့ပင် လေထုထဲသို့ ကျော့ကျော့မော့မော့ ပျံသန်းသွားတော့၏။ More
အတ္တလန်တစ် ရှာပုံတော် (၂၅)
06 May 2009 6 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
အသုံးလုံး အဖွဲ့ပိုင် အဆောက်အဦးကြီး၏ ဒဿမမြောက် အထပ်တစ်ထပ်လုံးအပြည့်နေရာယူထားသည့် ကွန်ပြူတာ ပစ္စည်းများကို ကြည့်ရင်း ပက်ထရစ်ရှာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ကွန်ပြူတာသရဲများပြောသည့် အဏ္ဏဝါဗေဒ ဆိုင်ရာအချက်အလက်ဘဏ်တိုက်ကြီး ဆိုသော အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီ၏ ကွန်ပြူတာစင်တာကို ဒီလောက်ကြီးကျယ်ခမ်းနားလိမ့်မည်ဟု သူမ မထင်မိရိုးအမှန်ပါ။ More
အတ္တလန်တစ် ရှာပုံတော် (၂၄)
02 May 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မပြော၊ မပြောနှင့် ပြောမဲ့ပြောတော့လည်း အယ်လ်သည် စီအိုင်အေရော၊ အက်ဖ်ဘီအိုင်ရောကို ဆော်ပလော်တီးသည့် စကားမျိုးက စပြော၏။
“ဟုတ်ပါတယ်၊ ဒါကိုတော့ ဝန်ခံရမှာပဲ။ ခင်ဗျားလည်းသိသားပဲ၊ ရည်ရွယ်ချက်မရှိတဲ့ ရာဇဝတ်မှုက ဖြေရှင်းရ အခက်ဆုံးဆိုတာလေ။ ခုကိစ္စက အဲသလို ဖြစ်နေတာဗျ” အက်ဖ်ဘီအိုင်မှ ကန်ဟိန်းက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ More
အတ္တလန်တစ် ရှာပုံတော် (၂၃)
30 Apr 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ပစ်သည် အိပ်ယာမဝင်ခင် လုံခြုံရေးကင်မရာကတဆင့် သူ၏ သက်တော်စောင့်များအပြင်မှာ အလုပ်ရှုပ်နေပုံကို ကြည့် နေမိသည်။ သူတို့သည် လေဆိပ် မြေအောက် ရေဆိုးမြောင်းစနစ်၏ မြေပုံကြီးကို ရှေ့ ချ၍ တစုံတခုကို ရွေးနေ၏။ မကြာမှီမှာပင် ပစ်၏ ဂိုဒေါင်နှင့် ပေကိုးဆယ်အကွာမှ ဖြတ်သွားသော အချင်း ရှစ်ပေရှိသည့် ရေဆိုးပိုက်ကြီးကို သူတို့ ကင်းစခန်းအဖြစ်ရွေးချယ်လိုက်ကြသည်ကို တွေ့ရသည်။ အိပ်မပျော်ခင် သူတို့ကို ကော်ဖီနှင့် ဆန်းဒဝစ်ခ်ျ သွားပေးရ ရင်ကောင်းမလားဟု စဉ်းစားမိသေးသည်။ သို့သော် ထိုစိတ်ကူးကို ချက်ချင်းမေ့ပစ်လိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက် တော့သည်။ မကြာမီ သူအိပ်ပျော်သွား၏။ More
အတ္တလန်တစ် ရှာပုံတော် (၂၂)
26 Apr 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဝါရှင်တန် အပြည်ပြည်ဆိုင်ရာလေဆိပ် အစွန်ရှိ ဒတ်ပစ်က အိမ်ဟုသမုတ်ထားသော လေယာဉ်ဂိုဒေါင်ဟောင်း၏ ရှေ့တွင်ရိုးရွိုက်ကားကြီးရပ်လိုက်၏။ ၁၉၃၆ ခုနှစ်ကတည်းက တည်ဆောက်ထားသော လေယာဉ်ဂိုဒေါင်သည် စုတ်ပြတ်ညစ်ထေးလျှက်ရှိ၏။ နံရံများတွင် ရေညှိအလိမ်းလိမ်းတက်လျှက်။ More
အတ္တလန်တစ် ရှာပုံတော် (၂၁)
25 Apr 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မစ္စ ခရစ်စတင်း မန်ဒါ ဟက်စ်တက်စ် သည် တစ်ခေါင်းလုံးဖြူဖွေးနေသော၊ နှစ်လို့ဖွယ်အပြုံးပိုင်ရှင် သဘောမနော ကောင်းပုံရသည့် အဖွားကြီးဖြစ်၏။ အသက်အရွယ်ကြီးရင့်ပုံရသော်လည်း လှုပ်ရှားမှုတို့က သွက်လက်ဖျတ်လတ်ဆဲ။ ပါးလ်မတ္တားကို လက်ဆွဲနှုတ်ဆက်ပြီး ဒတ်ပစ်နှင့်မိတ်ဆက်ပေးသောအခါ ရင်းရင်းနှီးနှီး ပြုံးပြနှုတ်ဆက်၏။ More
အတ္တလန်တစ် ရှာပုံတော် (၂ဝ)
12 Apr 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ဆက်စနာဆိုင်တေးရှင်း အာထရာ ဖိုက်ဂျက်လေယာဉ်သည် လေတပ်ပိုင် အင်ဒရူးလေယာဉ်ကွင်း၏ အရှေ့ ဖက်ပြေး လမ်းတွင် ဆင်းသက်လျှက်ရှိသည်။ ပုံမှန်အားဖြင့် အရေးပေါ်အစိုးရကိစ္စများ တွင်သာဤပြေးလမ်းကိုသုံးလေ့ရှိ၏။ အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီပိုင်လေယာဉ်များနှင့် အဆောက်အဦးများသည် လေယာဉ်ကွင်း၏ အရှေ့ မြောက် ဖက်တွင် တည်ရှိ၏။ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးသည် အဖွဲ့ပိုင်ဗင်ကားတစ်စီးဖြင့် အယ်လ်ဂျီယိုဒီနိုအား ဗာဂျီးနီးယားပြည် နယ်၊ အလက်ဇန်ဒရီးယားရှိ သူပိုင်ကွန်ဒိုတိုက်ခန်းသို့လည်းကောင်း၊ ပက်အား သူမ၏သမီးလေးရှိရာ နေအိမ်သို့လည်း ကောင်း ပို့ဆောင်ပေးရန် ထွက်ခွာသွားကြပြီဖြစ်သည်။ More

Recent Comments