ဈေးထဲက အရူး

တွေးမိတာလေးတွေ
ဈေးထဲက အရူး

ဈေးထဲမှာထိုင်နေလျင် လူပေါင်းစုံတွေ့ရတတ်သည်၊ လူချမ်းသာ လူဆင်းရဲ လူတန်းစားမရွေး ကြီးကြီးငယ်ငယ် အရွယ်မရွေး ကုန်သည်ပွဲစား ဝန်ထမ်းမရွေး ဈေးနှင့်မကင်း ၊ တကယ့်လူရောင်စုံ မြင်ကွင်းကျယ်ကြီးဖြစ်သည်၊ More

ကုလသမ္မဂ အမြဲတမ်းတပ်မတော် ရှိသင့်သလား

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း

ကုလသမ္မဂ အမြဲတမ်းတပ်မတော် ရှိသင့်သလား

ဦးစိတ္တ။   ။ ကိုရူပရေ ပြီးခဲ့တဲ့ တစ်ပတ်က ကုလသမ္မဂရဲ့ အခန်းကဏ္ဍ မှေးမှိန်လာပြီလား ဆိုတာနဲ့ ပက်သက်လို့ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးခဲ့ကြတယ်၊ More

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၂)

မေဆန်ကို ခြေကန်၊ လိုက်ခဲ့တော့ အာရောဂျံ၊ ဈေးကွက်ရဲ့ ခှေါသံ

ခုချိန်ကာလ သမယ။

နိုင်ငံရဲ့ အရေးကို လုပ်ရင် နိုင်ငံရေးပဲဟေ့ လို့ ခံယူကြတဲ့ နိုင်ငံရေး သမား ဆိုသူများ၊ နိုင်ငံရေး ပါတီ များက ပြည်သူ လူထုရဲ့ ကျန်းမာရေး အခြေ အနေ ကို မြှင့်တင်၊ ကျန်းမာရေး စောင့်ရှောက်မှု များကို အဆင့်မြှင့် ပြီး ရှေး ပဝေသဏီ က ကျင့်သုံးခဲ့တဲ့ More

လွမ်းမောခဲ့ရသော လမ်းဘေး မျက်လှည့်ဝိုင်းများ

လွမ်းမောခဲ့ရသော လမ်းဘေးမျက်လှည့်ဝိုင်းများ

ကြီးကြီးကျယ်ကျယ် ဆရာမြသန်းတင့် ၏ ဝထ္ထုခေါင်းစဉ်ကို လူလည်လုပ်ပြီး ဆင်တူယိုးမှား လုပ်သည်ဟု မထင်စေချင်ပါ၊ ပေါက်ပေါက်ရှာရှာ စာမူခရအောင် လမ်းဘေး မျက်လှည့်ဝိုင်း များကို စာတတန်ပေတဖွဲ့ လုပ်ရေးသည်ဟုလည်း မယိုးစွပ်စေချင်ပါ၊ More

ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ (၂)

ဝေးလွင့် ကင်းကွာ နှစ်တစ်ရာ
အခန်း (၂) – ပထမပိုင်း

ဆယ့်ခြောက်ရာစု နှစ်တွင် ပင်လယ်ဓါးပြကြီး ဆာ ဖရန်စစ် ဒရိတ်က ရိုင်ယိုဟာချာ မြို့ကို ကျူးကျှော ချိန်ဝယ်၊ အာဆူလာ အီဂွာရန် ၏ ဘင်မကြီးသည် နားကွဲမတတ် ဆူညံသော အမြှောက်သံများနှင့် ငရဲပွက် သလို အှောဟစ်နေသော လူသံများ၊ အချက်ပေးခေါင်းလောင်းသံများကြောင့် အကြောက်ကြီး ကြောက်ပြီး လုပ်မိလုပ်ရာ မီးတောက်နေသော မီးဖို ပှေါသို့ ဖင်ထိုင်ချမိခဲ့သည်။ More

ကုလသမ္မဂ၏ အခန်းကဏ္ဍ ကျဆင်းလာသလော

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း
ကုလသမ္မဂ၏ အခန်းကဏ္ဍ ကျဆင်းလာသလော

ဦးစိတ္တ။   ။ ကိုရူပရေ ခင်ဗျားသိတဲ့အတိုင်းပဲ ကမ္ဘာကြီးမှာ အဖြစ်အပျက်တွေ၊ ပြဿနာတွေ ကတစ်ခုပြီး တစ်ခု ဆက်နေ လိုက်တာဗျာ၊ ပြဿနာ တစ်ခု ရှင်းလို့မှ မဆုံးသေးဘူး၊ More

အလွမ်းဇာတ်

အလွမ်းဇာတ်

စိမ်းစိမ်းစိုစိုဖြစ်ဖို့…

ဟေ့..အဲဒီ အသံတွေကို ဆုပ်ကိုင်မထားနဲ့လေ…
စကြဝဋ္ဌာအနှံ့ ကျဲပက်လိုက်စမ်းပါ့… More

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် (၁)

အခန်း (၁)

ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်တဲ့ မြွေ

တောကြီး မျက်မည်း အတဿတဈေးကွက်
အိုဘယ့် ဈေးကွက်

ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေးခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေးမှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသားမှ မလျှော့ကြ။ ဟိုမှာ ဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီးကလည်း မားကတ်။ More

ကျန်းမာရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ

ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း

ကျန်းမာရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ

ဦးစိတ္တ။   ။ ဘယ်လိုလဲ ကိုရူပရေ၊ ဟိုတစ်ပတ်က ပုဂ္ဂလိက ကျောင်းတွေနဲ့ ပတ်သက်ပြီး ခင်ဗျားနဲ့ ငြင်းခုံရတာ ကျွန်တော့်မှာ အိမ်ပြန်ရောက်တဲ့အထိ အလုပ် လုပ်လို့တောင် မရဘူး။ More

ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ

ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ

အခန်း (၁)

နောင်နှစ်ပေါင်းများစွာ အကြာ ဗိုလ်မှူးကြီး အော်ရဲလီယာနို ဘူဝမ်ဒီယား သည် သူ့ကို ပစ်သတ်ရန် အသင့်ပြင် နေသော သေနတ်ပစ် အဖွဲ့နှင့် မျက်နှာချင်း ဆိုင်နေစဉ်မှာပင် သူ့ အဖေ သူနှင့် အတူ ရေခဲ ရှာပုံ တော် ဖွင့် ခဲ့သည့် တစ်ညနေကို မှတ်မှတ် ထင်ထင် ရှိနေဆဲ။ အဲဒီ အချိန်တုန်းက  မာကွန်ဒို သည် အိမ်ခြေ နှစ်ဆယ် ခန့်သာ ရှိသော ရွာစွန် ဇနပုဒ် ကလေး တစ်ခု ဖြစ်ခဲ့သည်။ ဒိုင်နိုဆောဥ ကြီးများ လို ဖြူဖွေး နေသည့် ကျောက်လုံးကြီးများ ကို ဒိုးယိုပေါက်မြင်ရလောက်အောင် ကြည်လင်အေးမြသည့် ရေများ စီးဆင်း ရာ အမည်မဲ့ မြစ်ကမ်း နဖူးပေါ်တွင် မေးတင်ထား သည့် ရွာကလေး။ More

Previous Older Entries Next Newer Entries

Calender

February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
Follow

Get every new post delivered to your Inbox.