Life Cycle (5)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)

ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်
WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ More

Life Cycle (4)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)

ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်
ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?
ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။
သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကြပ်လိမ့်မယ်။ More

That's Our Bamar (15)

သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
(ပထမပိုင်း)

  • မြန်လဲ မြန်၊ မာလဲ မာသမို့ မြန်မာ လို့ခေါ်တယ်။
  • ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာ ဖြစ်လာတယ်။
  • မြန်မာ ဟာ တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုး။
  • ပိဿနိုး ပျူတွေ ကနေ မြန်မာ ဖြစ်လာ တာပေါ့ကွဲ့  ကလေး တို့ရဲ့ ။
  • နန်ကျောင် တရုတ် ရဲ့ မျိုးကွဲ မိရ်မ တွေ၊ ဧရာ ၀တီ မြစ်ဝှမ်း အတိုင်း စုန်ဆင်း လာပြီး ကျောက်ဆည် နယ်ကို ၀င်ရောက် နေထိုင် ရာက မြန်မာ ဖြစ်လာတယ်။
  • ဘီစီ ၂၀၀၀ လောက်မှာ ကျောက်ခေတ် ဟောင်း ယဉ်ကျေးမှု ကို အထက် အညာမှာ တွေ့ခဲ့ ရတယ်။ Anyathian culture (အညာသား ယဉ်ကျေးမှု) နဲ့ ပုံတောင် ပရိုင်းမိတ် တွေကြောင့် ကမ္ဘာ အစ မြန်မာ ကကွဲ့ ..…………။

More

Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)

သမား နှင့် သူ၏၀န်ဆောင် မှုများ
ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာစေတနာ ကိုအရင်း တည်တဲ့ ဆရာ-ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ-ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။ သို့သော်—— More

That's Our Bamar (14)

ပုဂံမင်း၊ ဘိုင်ဆပ် နဲ့ ငပိန်

ကုန်းဘောင် ခေတ်ကို အတက် (၆၆) နှစ်၊ အကျ (၆၆) နှစ် ဆိုပြီး နှစ်ပိုင်း ခွဲရာမှာ ပုဂံမင်း နန်းတက် ချိန်ဟာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ရှုံးပြီး အသရေ ညှိုးနွမ်း တဲ့ကျချိန် ဖြစ်တယ်။ သူ့နန်းသက် (၆) နှစ်အတွင်း ပြည်သူ အတွက် ကောင်းတာ ဘာတစ်ခု မှလုပ်မသွား နိုင်ခဲ့ဘူး။ တိုင်းရေး ပြည်ရာ ကိုမှုးမတ် တွေလက်လွှဲ ထားပြီး အပျော် အပါး မှာမွှေ့လျှော် လွန်းတဲ့မင်း လို့နာမည် ဆိုးတဲ့ ဘုရင်ပါ။ (၃) ရက်ကျ မြဲဖြစ်တဲ့ သင်္ကြန်ကို သူ့လက်ထက် မှာ (၄၅) ရက် ကျလို့ သြချ ယူကြ ရတယ်။ တိုင်းသူ ပြည်သား များက ကန့်ကွက် မယ်ထင် သလား။ ၄၅ ရက် သင်္ကြန် ကျတာ ကိုပျော် လွန်းလို့ တညီ တညွတ် ထဲကန့်ကွက် သူမရှိ ထောက်ခံ ကြသဗျား။ ဘုန်းကြီးရူး နဲ့လှေလူး ကတော့လိုက်ပါ့။ More

That's Our Bamar (13)

ရခိုင် နိုင်ရွှေတောင် မင်းသား ကြီးနဲ့ မဟာ မြတ်မုနိ

ရခိုင် နိုင်မင်း လို့လူသိ များတဲ့ ရွှေတောင် မင်းသားကြီး ဟာဗဒုံမင်း ခေါ် ဘိုးတော် ဘုရား ခေါ် ဘုရင် ဦးဝိုင်း ရဲ့ သား တော်ကြီး ဖြစ်တယ်။ သက်တော် ၃၈ နှစ်မှ တူတော် ဘုရင် တွေကို ကျော်ခွ လုပ်ကြံ စီရင် ပြီးဘုရင် တက်ဖြစ် ရတဲ့ အလောင်း မင်းတရား ဦးအောင် ဇေယျ ရဲ့ စတုတ္တသား မောင်ဝိုင်း ဟာသက်တော် (၇၅) နှစ်ထိ နန်းသက် (၃၇) နှစ် တိုင်တိုင် တ၀ကြီး စိုးစံ တော်မူ သွားခဲ့ လို့သူလွန် ရင်ဘုရင် လုပ်ဖို့ အားခဲ စောင့်နေ ရတဲ့ အိမ်ရှေ့ စံ ရွှေတောင် မင်းသား ကြီး ခမျာ ခမည်းတော် ကြီးကို မစောင့် နိုင်ပဲ သူက ဦးအောင် သေရှာ ပါတယ်။ အသက် ၂၁ မှာအိမ်ရှေ့ စံ စဖြစ်ပြီး ၂၅ နှစ်လုံးလုံး အိမ်ရှေ့ စံ ဘ၀ နဲ့နေရပြီး ၄၆ နှစ်မှာ ကွယ်လွန် ခဲ့တယ်။ More

That's Our Bamar (12)

ဘုရင်ညံ့ သုံးပါး (တတိယပိုင်း)

ဘုရင်ညံ့ သုံးပါး ထဲမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ် အညံ့ တကာ့ အညံ့ ဆုံးကတော့ ကုန်းဘောင် မင်းဆက် ကိုအဆုံး သတ်ပေးပြီး မြန်မာ့ ပဒေ သရာဇ် မင်းဆက် မျိုးဖြုတ် တဲ့ငယ်နာမည် မောင်ရေစက် ခေါ် သီပေါမင်း ပါပဲ။ ပဲခူးကို စစ်ရှုံးတဲ့ ဘုရင် ကိုဟံသာ ၀တီ ပါမင်း ခေါ်ရင် အင်္ဂလိပ် ကိုစစ်ရှုံးတဲ့ သူ့ကို မဒရပ် ပါမင်း လို့ခေါ်သင့် ပါတယ်။ သူညံ့ပုံ ကလေး တွေကို ရှုစား ကြည့်မယ် ဆိုရင်- More

Life Cycle (2)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂)

ရောဂါနှင့် သမား
နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး သူ့ဘာသာ သူ ပြန်ကောင်း အောင် စောင့်တဲ့သူ မရှိ ဘူးလို့ မပြော နိုင်ပေမဲ့ အလွန် အင်မတန် နည်းပါး ပါလိမ့်မယ်။ မည်သည့် တန်ဖိုး ကိုပေးဆပ် ရသည် ဖြစ်စေ ကိုယ်ခံစား ရတဲ့ ဝေဒနာ ကို ပိန်းကြာ ဖက်တွင် ရေ မတင် သလို အမြန် ဆုံး သာပျောက် ကင်းချင် ကြသမို့ သမား ခေါ်တဲ့ ဝေဒနာ ကိုပျောက် ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် များရဲ့  အခန်း ကဏ္ဌ ဟာ လူ့ဘောင် လောက မှာ အရေးပါ လာပါတယ်။ More

That's Our Bamar (11)

ဘုရင်ညံ့ သုံးပါး (ဒုတိယပိုင်း)

ဒုတိယ မြောက်ဘုရင်ညံ့ အဖြစ် မှတ်တမ်း ၀င်သူ ကတော့ ဟံသာဝတီ ပါမင်း ပါတဲ့။ မွန်တို့ ရဲ့ တိုက်ခိုက် သိမ်းပိုက် ခြင်းကို ခံရပြီး ဟံသာ ၀တီ ပဲခူး ကိုဓါးစာခံ အဖြစ် ပါသွားခဲ့ လို့ဒီအမည် တွင်ပါတယ်။ သူ့ရဲ့  ညံ့ကွက် များကတော့- More

Life Cycle (1)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၁)

လူနာ နှင့် ရောဂါ
လောက မှာ လူရယ် လို့ဖြစ် လာပြီ ဆိုကတည်းက ရှောင်လွှဲ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခ တွေနဲ့ လူသား အားလုံး ကြုံတွေ့ကြ ရမှာ မြေကြီး လက်ခတ် မလွဲ။ ဒီဒုက္ခ သုံးပါး ထဲမှာ အိုခြင်း နဲ့ သေခြင်း ကိုလူတွေ ကြောက်ကြ တယ် ဆိုပေမဲ့ ပြောစမှတ် ပြုလောက်အောင် ဖိန့်ဖိန့်တုန် ပြားပြားဝပ် ကြောက်တာ မျိုးတော့ မဟုတ်ဖူး။ ရင်ဆို လိုသည် ဖြစ်စေ၊ မဆိုင် လိုသည် ဖြစ်စေ၊ တစ်နေ့ တော့ အားလုံး ကြုံတွေ့ ကြရမဲ့ ဖြစ်စဉ် တွေမို့ အတန် အသင့် တရား နှလုံး သွင်းနိုင် ကြတယ်။ တွေ့လည်း မတွေ့ချင်၊ ဘယ်အချိန် တွေ့မယ် မှန်းလည်း မသိ၊ ကြုံရ မှာကို လည်းကြောက်၊ ဖြစ်လာ ခဲ့ရင် လည်း ငါ့မှ ကံကွက်ကျား ပြီးဖြစ် ရလေခြင်း၊ လောက ကြီးက ငါ့ကို ရက်စက်တယ်။ မတ ရား လိုက်တာ၊ ငါလေး သနား ပါတယ်—— ဒီလို ဒီလို ယူကြုံး မရ၊ အပူလုံး ကြွ စရာတွေ ဖြစ်အောင် ပိုးစိုး ပက်စက် လုပ်နိုင် တာက တော့ နာခြင်း တရား သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက်မှု ပါပဲ။
More

Previous Older Entries Next Newer Entries

Calender

February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
Follow

Get every new post delivered to your Inbox.